ဒီမနက်စောစောပဲ ငါ့ရဲ့သေတ္တာဟောင်းလေး ဖွင့်ကြည့်တယ်။
သေတ္တာရဲ့အောက်ခြေကြမ်းပြင်မှာ လှလှလေး ခေါက်ထားတဲ့ စာ
လေးတစ်စောင် ငါတွေ့လိုက်တယ်။
ဘာစာများလဲလို့ ဖောက်ဖတ်ကြည့်တော့.........................
သြော်....ရက်စက်တတ်သော မင်းကို..................................
မင်းကွာ.....မင်းက လှသလောက် မင်းရဲ့လက်ရေးလေး ကလည်း
လုံးလုံးဝိုင်းဝိုင်းလေးနဲ့...သိပ်လှနေတယ်ကွာ.........................
မင်းကွာ....မင်းရေးခဲ့တဲ့စာတွေ ဖတ်လိုက်ရင်းနဲ့ မင်းနဲ့ငါ့ရဲ့ အတိတ်
တွေဟာ ပြန်ဆန်းသစ်စေပါလား...မင်းကို လွမ်းလိုက်တာကွာ..........
မင်းကွာ...ဘယ်လောက်ထိချစ်သလဲ.....မေးတော့...တစ်သက်စာ
အတွက်လေတဲ့...မင်းဖြေခဲ့တယ်နော်။မင်းက ဘာမဆို ပြောရင် အ
ကြောင်းပြချက်တွေ ခိုင်လုံအောင် မင်းပြောတတ်တယ်နော်။
အခုလည်း...ငါ့ကို ချစ်သေးရဲ့လား လို့ ပြန်မေးလိုက်ချင်တယ်။
အမြဲတမ်း အကြောင်းပြချက်တွေ ခိုင်လုံအောင် ပြောတတ်တဲ့ မင်းရဲ့
ဆင်ခြေတွေ တစ်ခါလောက်တော့ ပြန်ကြားချင်လိုက်တာ.............
ယုံချင်ယုံ မယုံချင်နေ...မင်းရဲ့ တစ်ချက်တစ်ချက် ပြုံးလိုက်တဲ့ အပြုံးဟာ
ငါကြည့်ကြည့်လိုက်တိုင်း လောကကြီးကို တကယ် ငြိမ်းချမ်းစေတာပဲ...ကွာ။
ငါ့ရဲ့ ပိုက်ဆံအိတ်ထဲမှာ ဆေးရောင်တွေ လွင့်ပြယ်နေတဲ့ မင်းရဲ့ဓာတ်ပုံဟောင်း
လေးက အတိတ်ကို လှောင်ပြောင်နေ သလိုပါပဲ.......................................
မင်းအတွက် ငါရေးတဲ့ ကဗျာရဲ့ အောက်မှာ မင်းရေးထိုးထားတဲ့ မင်းရဲ့
နာမည်လှလှလေး.....................................................................................
အဲဒီ စာအုပ်လေးထဲမှာပဲ...မင်းထည့်ထားတဲ့ အနက်ရောင်နှင်းဆီ သေးသေး
လေးရယ်......ဆယ်တန်းတုန်းက ဟာနေတဲ့ ငါ့ရဲ့မှတ်စုတွေ ထဲမှာ မင်းကူးပေးတဲ့
မင်းရဲ့လက်ရေး လှလှလေးတွေ...........................................................
မကြည့်ပါနဲ့လို့ အကြိမ်ကြိမ်တားတဲ့ ကြားက မကြည့်ခိုင်းရင် ငါစိတ်ကောက်မယ်နော်
ဆိုပြီး ငါကြည့်ခိုင်းတဲ့ ဒိုင်ရာရီ ထဲမှာ မင်းချမှတ်တားမြစ်ထားတဲ့ အမိန့်တော် စည်းကမ်း
ချက်တွေ............................................................................
ငါ့ရဲ့ခေါင်းရင်းမှာ တန်းစီနေတဲ့ မင်းရဲ့ ခရစ္စမတ်လက်ဆောင်လေးတွေ..................
ဒါတွေ အားလုံးဟာ ပုံပြင်တော့ မဟုတ်လောက်ဘူးနော်.........................................
ဒါပေမယ့်...တခါခါ ဒါတွေဟာ ပုံပြင်တွေပဲလားလို့...ငါ့ကိုငါ မေးနေမိတယ်။
မင်းကို စိတ်နာပေမယ့် ဒီနေ့မနက်စောစော မင်းရဲ့စာလေးဖတ်လိုက်တော့...............
မင်းကို သတိရလိုက်တယ်ကွာ။
ဒီလိုနဲ့ပဲ....ဒီပြန်စာကို ငါချက်ချင်းရေးလိုက်တယ်။
ဒီစာကို ဖတ်ဖြစ်တယ် ဆိုရင်.....အတိတ်က ဇာတ်လမ်းတွေဟာ
ဝတ္တုတစ်အုပ်(သို့မဟုတ်)ပုံပြင်တစ်ခု(သို့မဟုတ်)ကဗျာ လေးတစ်ပုဒ်
လိုပဲ သဘော ထားပြီး ဖတ်လိုက်ပါ......။ ။

About Me

- တောမင်းသား လေး
- ကျွန်တော်သည် သရုပ်ဆောင် မင်းသား မဟုတ်ပါ။ တောမှာ နေတဲ့ တောမင်းသား လေးပါ။အရည် အချင်း ကတော့ မရှိပါ။ ၀ါသနာ ကြောင့် ဒီမှာ ကိုယ်ပိုင် နေရာလေး ဖန်တီး နေတာပါ။ ဒီဆိုက်လေး မှာရောက်ရှိ လည်ပတ် လာကြသော မိတ်ဆွေ သူငယ်ချင်း များအားလုံး ကိုလှိုက်လှဲစွာ ကြိုဆိုပါတယ်။ရွာမှာ စာကြည့်တိုက် မရှိခြင်း၊စာအုပ် အငှားဆိုင် မရှိခြင်း စသည့် အခက်ခဲ များကြောင့် ကျောင်းကထွက်ပြီး စာကထွက် လာတာ 2000 ခုနှစ် ကတည်းကပါ။ဒီလို နှစ်ပေါင်း အတော် ကြာ မြန်မာစာနှင့် ကင်းကွာသော ကြောင့် အရေး အသား စာလုံး ပေါင်းများ စတဲ့ အခြားအခြား သောအမှား အယွင်းများ ကိုနား လည်ပေး ကြပါလို့ အားလုံးကို တောင်းပန်ပါတယ်။ ဒီဆိုက်မှာ ရသစာပေများ၊ပဟုသုတများ ရနိုင်တဲ့ စာမျိုးကတော့ မရေး တတ်ပါ။သူငယ်ချင်းများ အားလုံးကို ပျော်စေချင်တဲ့ ဆန္ဒ ကြောင့် ကျွန်တော်၏ နေ့စဉ် လွဲနေသော ဆုံမှတ်များကို အချိန်ရသမျှ ဆက်လက် ရေးသားပါမည်။လာရောက် ရှုစား အားပေးလာကြသော အားလုံး အားလုံးသော မိတ်ဆွေများ ကိုအထူး ကျေးဇူးတင်ပါကြောင်း။ ။
အချိန် နာရီ
Norway
Free Clock
Myanmar
U.S.A
Canada
Malaysia
Singapore
Thailand
India
ချင်းတောင်တန်း မှ ချင်းသီချင်း
May May(မေမေ)
Labels
Blog Archive
tawmintalay
tttt
ဟား
Tuesday, March 30, 2010
Subscribe to:
Post Comments (Atom)
ဧည့်သည်တော်များ
ဒီနေ့ရောက်ဧည့်သည်တော်များ
မြန်မာပြက္ခဒိန်
My Blog List
-
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။10 years ago
-
ပီးဇစ်..12 years ago
-
-
-
-
-
-
- Planet Myanmar
- ခရီးသည်၏လွင့်မျောခြင်း
- ကိုရုပ်ဆိုး
- ကောင်းကင်ကို
- ခင်မင်းဇော်
- ဦးဂင်ကြီး
- ငြိမ်းဝေ
- လွတ်မြောက်ရာလမ်း
- ကာရန်မဲ့အတွေးစများ
- ဆောင်းယွန်းလ
- ဇာဂနာ
- ဒေါင်းမာန်ဟုန်
- ဒီရေ
- ရန်အောင်
- ရွက်မွန်
- ရဲရင့်ငယ်
- ရွှေဥသြ
- သစ်ခက်သံလွင်
- သစ်ကောင်းအိမ်
- မာယာ
- မိုးမခ
- မိုးချိုသင်း
- မသဒ္ဒါ
- မောင်လှ
- မာန်လှိုင်းငယ်
- လွတ်လပ်ကြဖို့..တို့အချိန်တန်ပြီ
- နှင်းခါးမိုး
- လင်းလက်ကြယ်စင်
- အသားထဲကလောက်ကောင်များ
- သမိုင်းထဲကရက်စွဲများ
- ဟင်းလင်းပြင်
- ဓမ္မနဲ့အဓမ္မ
- ဆုံဆည်းရာ
- တွဲဖက်၍မစားသင့်သောအစာများ
- ထမင်းအိုး
- မြန်မာစကားပုံများ
- ပြည်ထောင်စုကို ဒို့ချစ်သည်
- ဒေါက်တာလွဏ်းဆွေ
- ချင်းမလေး
- ရာခေလ၏ ငိုကြွေးသံ
0 comments:
Post a Comment